Wednesday, March 18, 2015

Servo Motor Controlling via TCP/IP

ဒီနေရာမှာ ရေးသားတင်ပြတာတွေဟာ ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတစ်ခု အနေနဲ့ ရေးသားထားတာဖြစ်ပြီး စဉ်းစားပုံစဉ်းစားနည်း နဲ့ အခက်အခဲတွေ ၊ ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ logic တွေကိုသာ အဓိကထား ရှင်းလင်းသွားမှာဖြစ်ပါတယ်။ Programming Coding များရှင်းလင်းချက် အသေးစိတ်ကိုတော့ နောက်ပိုင်း post တွေမှပဲ တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ လက်တံကို မောင်းနှင်ဖို့စဉ်းစားတဲ့အခါ နည်းလမ်းများစွာကိုတွေ့ရပါတယ်။ Servo Motor တွေကို တိုက် ရိုက်ဖြစ်စေ remote နဲ့ဖြစ်စေ မောင်းနှင်နိုင်ပါတယ်။

   မောင်းနှင်နည်းအချို့ကို တင်ပြရရင်

 - Keypad တွေကို နှိပ်ပြီး တိုက်ရိုက်ခိုင်းစေခြင်း
 - Joystick ကိုအသုံးပြုပြီး ထိန်းချုပ်နိုင်ခြင်း
 - Wireless Transceiver Module များအသုံးပြုပြီးခိုင်းစေခြင်း
 - Joystick နှင့် Wireless Module များပေါင်းစပ်အသုံးပြုပြီး အဝေးမှ ထိန်းချုပ်ခြင်း
 - Gyro Sensor, IMU Sensor များအသုံးပြု၍ ထိန်းချုပ်ခြင်း
 - Computer အသုံးပြု၍ USB, Serial Communication များဖြင့် ထိန်းချုပ်ခြင်း
 - အသံ ၊ Motion နှင့် အခြားသော Sensor များအသုံးပြု မောင်းနှင်ခြင်း..
....
အစရှိသဖြင့် Robotic Arm တစ်ခုကို ထိန်းချုပ်မောင်းနှင်နိုင်ရန် နည်းလမ်းများစွာရှိပါတယ်။
 

2014 ခုနှစ်အတွင်းမှာတော့ ကျွန်တော်တို့ဟာ TCP/IP ကို အသုံးပြုပြီး Network ချိတ်ထားတဲ့ Computer တွေပ်ါကနေ မောင်းနှင်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ 

TCP/IP ဟာ တကမ္ဘာလုံး အသုံးအများဆုံးသော ဆက်သွယ်ရေး protocol တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ယခု အင်တာနက်ကို အသုံးပြုပြီးစာတွေ ရေးသား ဖတ်ရှုနိုင်ခြင်းဟာ TCP/IP ရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း သန်းထောင်ပေါင်းများစွာသော ကွန်ပျူတာတွေဟာ ၄င်းတို့ အချင်းချင်း TCP/IP ကိုအသုံးပြု ပြီး ကွန်ရက်ကြီးများ ချိတ်ဆက်ထားကြတာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Wireless Networking သမားတစ်ယောက်ဖြစ်တာမို့ TCP/IP ကို အသုံးပြုပြီး WiFi ပေါ်ကနေ ခိုင်းစေနိုင်ဖို့ကို ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့အသုံးပြုတဲ့ Programming Language က C# .NET ဖြစ်ပါတယ်။ လက်ထဲမှာ ရှိတဲ့ Visual Studio 2010 ကို အသုံးပြုပြီး TCP/IP ပေါ်ကနေ ကွန်ပျူတာအချင်းချင်း communicate လုပ်နိုင်ဖို့ စဉ်းစားခဲ့ကြပါတယ်။ TCP/IP ကို အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ဟာ Online Library တွေလို့ ခေါ်ဆိုရမယ့် Search Engine တွေကိုပဲ အသုံးပြုခဲ့ရှာဖွေခဲ့ပါတယ်။ အရင်ဆုံး စဉ်းစားမိတာကတော့ Chatting Program ပါ။ LAN (Local Area Network ) ထဲမှာ ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး အပြန်အလှန် စာရိုက်ပြီး မက်ဆေ့ပို့ နိုင်တဲ့ program ထဲမှာ TCP/IP ကိုအသုံးပြုမှာသေချာပါတယ်။ ဒါကြောင့် How to make a Chatting Program in C#? .... ရှာဖွေရင်းနဲ့ပဲ ကျွန်တော်တို့ TCP/IP အတွက် လိုအပ်တဲ့ socket ဖွင့်၊ပိတ် နည်း၊ ဦးတည်ထားတဲ့ IP address ဆီ data ပို့လွှတ်နည်း၊ IP address တစ်ခုဆီမှ Data များလက်ခံရယူနည်း၊ အချင်းချင်း ချိတ်ဆက်ဖို့ port များသတ်မှတ်နည်း စသည်တို့ သိရှိလာရပါတယ်။


ကျွန်တော်တို့ Client Program နဲ့ Server Program ဆိုပြီး Program နှစ်ခု ခွဲရေးခဲ့ပါတယ်။ အရင်ဆုံး IP နှစ်ခု အပြန်အလှန် ချိတ်ဆက် data တွေ အပြန်အလှန်ပို့ပြီး communicate လုပ်နိုင်လာပါတယ်။

Data တွေ အပြန်အလှန်ပို့ပြီးတဲ့ နောက်မှာ Servo Motor တွေကို မောင်းနှင်ဖို့ စဉ်းစားရပါတယ်။ Servo Motor တွေမောင်းနှင်နိုင်ဖို့ USB port ကနေ data ထုတ်ပြီး 32 Ch Servo Controller ကတဆင့်   မောင်းနှင်ခဲ့ပါတယ်။  32 Ch Servo Controller အကြောင်းကို နောက်ထပ် ပို့စ် တစ်ခုနဲ့ ရှင်းပြပေးထား ပါတယ်။

Servo Motors Controlling via TCP/IP  လုပ်ငန်းအတွက် Block Diagram ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

(background color  ကြောင့်မမြင်ရခဲ့ရင် ပုံကိုနှိပ်ကြည့်နိုင်ပါတယ်။)



Servo Motor တွေကို Degree အလိုက် တန်ဖိုးတွေပေးပို့ပြီး WiFi ပေါ်ကနေ လိုရာကိုမောင်းနှင်နိုင်ခဲ့ ပါတယ်။ ဒီအဆင့်အထိဟာ Servo Motor Controlling over TCP/IP communications ပဲဖြစ်ပါတယ်။ Robotic Arm တစ်ခု မောင်းနှင်နိုင်တဲ့ အဆင့်တော့ မဟုတ်သေးပါဘူး။ အောက်ပါ GUI တွေကတော့ ကျွန်တော်တို့ စမ်းသပ် ရေးသားခဲ့တဲ့ program တွေဖြစ်ပါတယ်။



No comments:

Post a Comment