Wednesday, March 18, 2015

Robotic Arm Mechanism


ဒီ project အတွက် ဒီဇိုင်း စဉ်းစားကြတဲ့အခါ စက်လှုပ်ရှားမှုအပိုင်း (Mechanism အပိုင်း) ကို အဓိက မထားဘဲ ထိန်းချုပ် စေခိုင်းခြင်း Controlling အပိုင်းကိုသာ အဓိကထားပြီး စဉ်းစားခဲ့ကြပါတယ်။ Controlling (Electronic) အပိုင်းကို အဓိကထားလေ့လာခဲ့ပြီး လက်တံအဖြစ် 6 DoF ( Six-Servo Robotic Arm) ပုံစံငယ်ကို အသုံးပြုခဲ့ပါတယ်။ DoF အဓိပ္ပာယ်ကတော့ Degree of Freedom ဖြစ်ပြီးလွတ်လပ်စွာ လှုပ်ရှားနိုင်တယ်လို့ ဆိုလိုပါတယ်။


Robotic Arm ဟာအလျား 180mm ရှိပြီး အရွယ်အစားတူ Servo Motor ခြောက်လုံးနဲ့ မောင်းနှင်ပါတယ်။
အားသာချက်အနေနဲ့ Robotic Arm Design တစ်ခုကို ချဉ်းကပ်လေ့လာကြတဲ့အခါ ကုန်ကျစားရိတ် သက်သာစွာနဲ့ လေ့လာနိုင်တာကိုတွေ့ရှိရပါတယ်။ Servo Motor များအသစ်လဲ လိုလျှင်ဖြစ်စေ၊ အမျိုးအစားပြောင်းလဲ လိုလျှင်ဖြစ်စေ ပြည်တွင်းမှာပင် Motor တွေကို ဝယ်ယူနိုင်တဲ့အတွက် ကုန်ကျစားရိတ်သက်သာစွာနဲ့ ပြောင်းလဲ တပ်ဆင်နိုင်ပါတယ်။




အားနည်းချက်အနေနဲ့ကတော့ Precision အတိအကျလိုအပ်တဲ့ လှုပ်ရှားမှုတွေအတွက် အသုံးပြုနိုင်ခြင်း မရှိပါဘူး။ လက်တံရဲ့ အဆစ်အချိုးချိတ်ဆက်ထားမှုများဟာ tolerance  အနည်းငယ်ရှိတဲ့အတွက် သေးငယ် တဲ့ ပစ္စည်းများကိုကောက်ယူရာမှာ အနည်းငယ်ခက်ခဲပါတယ်။

ကျွန်တော်တို့ရဲ့ မူလရည်ရွယ်ချက်ကတော့ လက်တံ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ထိန်းချုပ်မှု အပိုင်းကတော့ အတူတူ ပဲဖြစ်ပါတယ်။ ထိန်းချုပ်မောင်းနှင်နိုင်မှုကိုပဲ အဓိကထားလေ့လာကြ တာဖြစ်ပါတယ်။ ဒေါ်လာသောင်းကျော်တန် Robotic Arm Mechanism တွေ မဝယ်နိုင်လဲ သေးငယ်တဲ့ Mechanism နဲ့လည်း Robotic Arm Controlling System တစ်ခုကို လေ့လာနိုင်စေဖို့ ရည်ရွယ်ပါတယ်။

Online Store တွေဖြစ်တဲ့ Ebay နဲ့ Amazon တို့မှာ 6 DoF Robotic Arm ဆိုပြီးရှာလျှင် ဒီပုံစံအမျိုးအစားတူ လက်တံတွေတွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ 2014 ခုနှစ် 3 လပိုင်းမှာ Yangon Online Store ကနေ မှာယူခဲ့တာဖြစ်ပါတယ်။ လက်တံနဲ့အတူ 32 Ch - Servo Controller, 16 Ch - Servo Controller, Wireless Module, Bridge Rectifier, 5v/10A Switching Mode Power Supply တို့ပါ တွဲဖက် မှာယူခဲ့ပါတယ်။





No comments:

Post a Comment