Monday, March 23, 2015

Netduino Plus 2 Development Board

Robotic Arm ပုံစံငယ်ကို မောင်းနှင်ထိန်းချုပ်ဖို့ အဓိက Controller အဖြစ် Netduino Plus 2 ကိုရွေးချယ်ခဲ့ပါတယ်။ Servo Motor တွေမောင်းနှင်ဖို့ Input/ Output တွေကိုင်တွယ်ဖို့ အတွက် စဉ်းစားရွေးချယ်စရာ Development Board များစွာရှိပါတယ်။ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ Development Board တွေကတော့

  • Arduino
  • FEZ Panda II
  • Mini2440
  • Raspberry pi
  • PIC Micro Controllers 
  • LinkIt One
  • Edison
  • Beaglebone
  • Netduino Board တွေပဲဖြစ်ပါတယ်။
ရွေးချယ်စရာများစွာထဲမှာမှ Netduino ကိုရွေးချယ်ခြဲ့ပီး Netduino မျိုးကွဲတွေထဲမှ Netduino Plus 2 ကို Main SoC Module အဖြစ် ရွေးချယ်ခဲ့ပါတယ်။



Netduino Plus 2 ကိုရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းများ
  •  Netduino Plus 2 ဟာ ARM7  32 bit processor  ကို အသုံးပြုထားတဲ့အတွက် အခြား Arduino လိုမျိုး 8 bit board တွေနဲ့ယှဉ်ရင် အလွန်မြန်ဆန်ပြီး စွမ်းဆောင်ရည်မြင့်တာကိုတွေ့ရပါတယ်။
  • Netduino Plus 2 ရဲ့ Programming ဟာ SDK အသုံးပြုရပြီး C# နဲ့ရေးသားတဲ့အတွက် ကျွန်တော်တို့နဲ့  friendly ဖြစ်တာကိုတွေ့ရပါတယ်။
  • Netduino Plus 2 ဟာ နာမည်နဲ့လိုက်အောင်ပဲ Network ပေါ်ကနေ communicate ပြုလုပ်နိုင်ဖို့ အထူး ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ RJ 45 Connector တွေနဲ့  SD card slot တွေ ပါဝင်လာတာမို့ Arduino လိုမျိုး ပြင်ပမှ သီးသန့် module ကဒ်ထပ်စိုက်သုံးဖို့ မလိုတော့ပါဘူး။
  • အရွယ်အစား သေးငယ်ကျစ်လျစ်တာမို့ နေရာယူမှုနည်းပါးပြီး compact ဖြစ်ပါတယ်။
  • Netduino အတွက် forum သီးသန့်ရှိပြီး အလွယ်တကူ လေ့လာသင်ယူနိုင်ပါတယ်။


Netduino Plus 2 ရဲ့ အားနည်းချက်များ 

  •  လက်ရှိအသုံးအများဆုံး Arduino Board တွေနဲ့ နှိုင်းယှဉ်ရင် Netduino ဟာ Microsoft Visual Studio၊ .Net Framework ၊ .Net Micro Framework ၊ SDK .. အစရှိသဖြင့် အဆင့်ဆင့် ထည့်သွင်းရေး သားရတာဖြစ်ပြီး အနည်းငယ် ရှုပ်ထွေးပါတယ်။
  • Netduino Plus 2 ရဲ့ SDK (Software Development Kit) ဟာ develop လုပ်နေဆဲ အဆင့်မှာသာရှိတဲ့အတွက် ၄င်းအတွက် Sample Code တွေ ရှားပါးတာကိုတွေ့ရပါတယ်။
  • Library များ နည်းပါးတဲ့အတွက် မိမိအသုံးပြုလိုတဲ့ Component များအလိုက် ကိုယ်တိုင် library ရေးရတာမျိုး၊ အနည်းငယ် ခက်ခဲပါတယ်။
  • Firmware Version 4.2.2.1 ကနေ 4.3.1.0 ဆီ မြှင့်တင်ပေးနိုင်မှသာ PWM နဲ့ RTOS စနစ်တွေကောင်းကောင်း အလုပ်လုပ်နိုင်တာကိုတွေ့ရပါတယ်။

Netduino အကြောင်းအောက်ပါ website များမှာလေ့လာနိုင်ပါတယ်။
www.netduino.com
www.forums.netduino.com




Wednesday, March 18, 2015

Torobot 32 Channel Servo Controller

32 Ch Servo Controller
32Channel Servo Controller မှာဆိုရင် On Board Flash Memory 512KB ပါရှိပြီး  Servo Motor 32 လုံးထိ တစ်ပြိုင်ထဲ မောင်းနှင်နိုင် ပါတယ်။ ကွန်ပျူတာနဲ့လဲ USB communication မှတဆင့် ချိတ်ဆက်နိုင်သလို Serial နဲ့လည်း အခြားသော  development board များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ 










32 Ch Servo Controller


16 Ch နဲ့ 32 Ch torobot servo controller များဟာ robotic platform ရှိလက်ရှိအသုံးအများဆုံး Arduino development board များဖြင့် ချိတ်ဆက်အသုံးပြုလေ့ ရှိကြပြီး စွမ်းဆောင်ရည်   ကောင်းမွန်ပါတယ်။
32 Channel Servo Controller အား ebay တွင်လေ့လာကြည့်နိုင်ပါတယ်။
Computer မှာချိတ်ဆက်အသုံးပြုဖို့ဆိုရင်တော့ လိုအပ်တဲ့ driver software ထည့်သွင်းပေးရမှာပါ။ လိုအပ်တဲ့ driver ကို အောက်ပါ link မှာ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။

Serial နဲ့ ခိုင်းမယ် ဆိုရင်တော့ ASCII တွေပေးပို့ပြီးခိုင်းစေနိုင်ပါတယ်။ Servo Motor များဟာ loading ရှိချိန်မှာ Current Consumption များပြားတဲ့အတွက် သီးခြား power supply unit ဖြင့် မောင်းနှင်ပေးဖို့ လိုအပ်ပါတယ်။ 32 Ch Servo Controller မှာ Servo တစ်လုံးချင်းစီဖြစ်စေ၊ Servo Group အလိုက်ဖြစ်စေ မောင်းနှင်နိုင်ပါတယ်။ အသေးစိတ်ကို အောက်ပါ user manual မှာ ကြည့်ရှုနိုင်ပါတယ်။ 


Servo Motor Controlling via TCP/IP

ဒီနေရာမှာ ရေးသားတင်ပြတာတွေဟာ ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတစ်ခု အနေနဲ့ ရေးသားထားတာဖြစ်ပြီး စဉ်းစားပုံစဉ်းစားနည်း နဲ့ အခက်အခဲတွေ ၊ ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ logic တွေကိုသာ အဓိကထား ရှင်းလင်းသွားမှာဖြစ်ပါတယ်။ Programming Coding များရှင်းလင်းချက် အသေးစိတ်ကိုတော့ နောက်ပိုင်း post တွေမှပဲ တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ လက်တံကို မောင်းနှင်ဖို့စဉ်းစားတဲ့အခါ နည်းလမ်းများစွာကိုတွေ့ရပါတယ်။ Servo Motor တွေကို တိုက် ရိုက်ဖြစ်စေ remote နဲ့ဖြစ်စေ မောင်းနှင်နိုင်ပါတယ်။

   မောင်းနှင်နည်းအချို့ကို တင်ပြရရင်

 - Keypad တွေကို နှိပ်ပြီး တိုက်ရိုက်ခိုင်းစေခြင်း
 - Joystick ကိုအသုံးပြုပြီး ထိန်းချုပ်နိုင်ခြင်း
 - Wireless Transceiver Module များအသုံးပြုပြီးခိုင်းစေခြင်း
 - Joystick နှင့် Wireless Module များပေါင်းစပ်အသုံးပြုပြီး အဝေးမှ ထိန်းချုပ်ခြင်း
 - Gyro Sensor, IMU Sensor များအသုံးပြု၍ ထိန်းချုပ်ခြင်း
 - Computer အသုံးပြု၍ USB, Serial Communication များဖြင့် ထိန်းချုပ်ခြင်း
 - အသံ ၊ Motion နှင့် အခြားသော Sensor များအသုံးပြု မောင်းနှင်ခြင်း..
....
အစရှိသဖြင့် Robotic Arm တစ်ခုကို ထိန်းချုပ်မောင်းနှင်နိုင်ရန် နည်းလမ်းများစွာရှိပါတယ်။
 

2014 ခုနှစ်အတွင်းမှာတော့ ကျွန်တော်တို့ဟာ TCP/IP ကို အသုံးပြုပြီး Network ချိတ်ထားတဲ့ Computer တွေပ်ါကနေ မောင်းနှင်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ 

TCP/IP ဟာ တကမ္ဘာလုံး အသုံးအများဆုံးသော ဆက်သွယ်ရေး protocol တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ယခု အင်တာနက်ကို အသုံးပြုပြီးစာတွေ ရေးသား ဖတ်ရှုနိုင်ခြင်းဟာ TCP/IP ရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း သန်းထောင်ပေါင်းများစွာသော ကွန်ပျူတာတွေဟာ ၄င်းတို့ အချင်းချင်း TCP/IP ကိုအသုံးပြု ပြီး ကွန်ရက်ကြီးများ ချိတ်ဆက်ထားကြတာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Wireless Networking သမားတစ်ယောက်ဖြစ်တာမို့ TCP/IP ကို အသုံးပြုပြီး WiFi ပေါ်ကနေ ခိုင်းစေနိုင်ဖို့ကို ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့အသုံးပြုတဲ့ Programming Language က C# .NET ဖြစ်ပါတယ်။ လက်ထဲမှာ ရှိတဲ့ Visual Studio 2010 ကို အသုံးပြုပြီး TCP/IP ပေါ်ကနေ ကွန်ပျူတာအချင်းချင်း communicate လုပ်နိုင်ဖို့ စဉ်းစားခဲ့ကြပါတယ်။ TCP/IP ကို အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ဟာ Online Library တွေလို့ ခေါ်ဆိုရမယ့် Search Engine တွေကိုပဲ အသုံးပြုခဲ့ရှာဖွေခဲ့ပါတယ်။ အရင်ဆုံး စဉ်းစားမိတာကတော့ Chatting Program ပါ။ LAN (Local Area Network ) ထဲမှာ ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး အပြန်အလှန် စာရိုက်ပြီး မက်ဆေ့ပို့ နိုင်တဲ့ program ထဲမှာ TCP/IP ကိုအသုံးပြုမှာသေချာပါတယ်။ ဒါကြောင့် How to make a Chatting Program in C#? .... ရှာဖွေရင်းနဲ့ပဲ ကျွန်တော်တို့ TCP/IP အတွက် လိုအပ်တဲ့ socket ဖွင့်၊ပိတ် နည်း၊ ဦးတည်ထားတဲ့ IP address ဆီ data ပို့လွှတ်နည်း၊ IP address တစ်ခုဆီမှ Data များလက်ခံရယူနည်း၊ အချင်းချင်း ချိတ်ဆက်ဖို့ port များသတ်မှတ်နည်း စသည်တို့ သိရှိလာရပါတယ်။


ကျွန်တော်တို့ Client Program နဲ့ Server Program ဆိုပြီး Program နှစ်ခု ခွဲရေးခဲ့ပါတယ်။ အရင်ဆုံး IP နှစ်ခု အပြန်အလှန် ချိတ်ဆက် data တွေ အပြန်အလှန်ပို့ပြီး communicate လုပ်နိုင်လာပါတယ်။

Data တွေ အပြန်အလှန်ပို့ပြီးတဲ့ နောက်မှာ Servo Motor တွေကို မောင်းနှင်ဖို့ စဉ်းစားရပါတယ်။ Servo Motor တွေမောင်းနှင်နိုင်ဖို့ USB port ကနေ data ထုတ်ပြီး 32 Ch Servo Controller ကတဆင့်   မောင်းနှင်ခဲ့ပါတယ်။  32 Ch Servo Controller အကြောင်းကို နောက်ထပ် ပို့စ် တစ်ခုနဲ့ ရှင်းပြပေးထား ပါတယ်။

Servo Motors Controlling via TCP/IP  လုပ်ငန်းအတွက် Block Diagram ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

(background color  ကြောင့်မမြင်ရခဲ့ရင် ပုံကိုနှိပ်ကြည့်နိုင်ပါတယ်။)



Servo Motor တွေကို Degree အလိုက် တန်ဖိုးတွေပေးပို့ပြီး WiFi ပေါ်ကနေ လိုရာကိုမောင်းနှင်နိုင်ခဲ့ ပါတယ်။ ဒီအဆင့်အထိဟာ Servo Motor Controlling over TCP/IP communications ပဲဖြစ်ပါတယ်။ Robotic Arm တစ်ခု မောင်းနှင်နိုင်တဲ့ အဆင့်တော့ မဟုတ်သေးပါဘူး။ အောက်ပါ GUI တွေကတော့ ကျွန်တော်တို့ စမ်းသပ် ရေးသားခဲ့တဲ့ program တွေဖြစ်ပါတယ်။



Robotic Arm Mechanism


ဒီ project အတွက် ဒီဇိုင်း စဉ်းစားကြတဲ့အခါ စက်လှုပ်ရှားမှုအပိုင်း (Mechanism အပိုင်း) ကို အဓိက မထားဘဲ ထိန်းချုပ် စေခိုင်းခြင်း Controlling အပိုင်းကိုသာ အဓိကထားပြီး စဉ်းစားခဲ့ကြပါတယ်။ Controlling (Electronic) အပိုင်းကို အဓိကထားလေ့လာခဲ့ပြီး လက်တံအဖြစ် 6 DoF ( Six-Servo Robotic Arm) ပုံစံငယ်ကို အသုံးပြုခဲ့ပါတယ်။ DoF အဓိပ္ပာယ်ကတော့ Degree of Freedom ဖြစ်ပြီးလွတ်လပ်စွာ လှုပ်ရှားနိုင်တယ်လို့ ဆိုလိုပါတယ်။


Robotic Arm ဟာအလျား 180mm ရှိပြီး အရွယ်အစားတူ Servo Motor ခြောက်လုံးနဲ့ မောင်းနှင်ပါတယ်။
အားသာချက်အနေနဲ့ Robotic Arm Design တစ်ခုကို ချဉ်းကပ်လေ့လာကြတဲ့အခါ ကုန်ကျစားရိတ် သက်သာစွာနဲ့ လေ့လာနိုင်တာကိုတွေ့ရှိရပါတယ်။ Servo Motor များအသစ်လဲ လိုလျှင်ဖြစ်စေ၊ အမျိုးအစားပြောင်းလဲ လိုလျှင်ဖြစ်စေ ပြည်တွင်းမှာပင် Motor တွေကို ဝယ်ယူနိုင်တဲ့အတွက် ကုန်ကျစားရိတ်သက်သာစွာနဲ့ ပြောင်းလဲ တပ်ဆင်နိုင်ပါတယ်။




အားနည်းချက်အနေနဲ့ကတော့ Precision အတိအကျလိုအပ်တဲ့ လှုပ်ရှားမှုတွေအတွက် အသုံးပြုနိုင်ခြင်း မရှိပါဘူး။ လက်တံရဲ့ အဆစ်အချိုးချိတ်ဆက်ထားမှုများဟာ tolerance  အနည်းငယ်ရှိတဲ့အတွက် သေးငယ် တဲ့ ပစ္စည်းများကိုကောက်ယူရာမှာ အနည်းငယ်ခက်ခဲပါတယ်။

ကျွန်တော်တို့ရဲ့ မူလရည်ရွယ်ချက်ကတော့ လက်တံ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ထိန်းချုပ်မှု အပိုင်းကတော့ အတူတူ ပဲဖြစ်ပါတယ်။ ထိန်းချုပ်မောင်းနှင်နိုင်မှုကိုပဲ အဓိကထားလေ့လာကြ တာဖြစ်ပါတယ်။ ဒေါ်လာသောင်းကျော်တန် Robotic Arm Mechanism တွေ မဝယ်နိုင်လဲ သေးငယ်တဲ့ Mechanism နဲ့လည်း Robotic Arm Controlling System တစ်ခုကို လေ့လာနိုင်စေဖို့ ရည်ရွယ်ပါတယ်။

Online Store တွေဖြစ်တဲ့ Ebay နဲ့ Amazon တို့မှာ 6 DoF Robotic Arm ဆိုပြီးရှာလျှင် ဒီပုံစံအမျိုးအစားတူ လက်တံတွေတွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ 2014 ခုနှစ် 3 လပိုင်းမှာ Yangon Online Store ကနေ မှာယူခဲ့တာဖြစ်ပါတယ်။ လက်တံနဲ့အတူ 32 Ch - Servo Controller, 16 Ch - Servo Controller, Wireless Module, Bridge Rectifier, 5v/10A Switching Mode Power Supply တို့ပါ တွဲဖက် မှာယူခဲ့ပါတယ်။